နှလုံးသားလေး သိနေပြီ
ပါးပေါ်က အနမ်း
စိုစွတ်ခြင်းတွေ ဝေးခဲ့ရပြီ...
ခေါင်းအုံးပေါ်ကို ကျတဲ့မျက်ရည်
ခေါင်းအုံးအောက်က ဒိုင်ယာရီလေးသိနေပြီ...
စောင့်မျှော်ရတဲ့ နှစ် လ ရက်တွေ
ပြက္ခဒိန်လေးတောင် သိနေပြီ...
ပြန်လာပါ မေရယ်
တမ်းတသူ ဒီရင်မှာ
အလွမ်းမီးတွေ တောက်လောင်လှပေါ့
နှလုံးသား နွေရာသီမှာ
နွမ်းခြောက်ခဲ့ရတဲ့ အချစ်သစ်ရွက်လေးတွေ
ပြန်လည်မလန်းဆန်းနိုင်တော့ပေမဲ့
မျှော်လင့်ခြင်း ဆိုတာကတော့
ရပ်တန့်လို့ မရနိုင်တာမို့
မေရယ် ပြန်မလာမှန်း သိပေမဲ့
ဆွေးတတ်သူ ကျနော့် အတွက်
မျှော်လင့်ခြင်း စမ်းချောင်းလေးတစ်ခုတော့
ဆက်လက်စီးဆင်းခွင့်ပေးပါ မေရယ်
ပြီးပါပြီ ...
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)
EmoticonClick to see the code!
To insert emoticon you must added at least one space before the code.