လွမ်းတဲ့အကြောင်း ပြောကြတော့
ကျွန်တော် လွမ်းနေတာ
ချစ်သူ နဲ့ ပတ်သတ်ခဲ့လို့လား.....
လွမ်းခြင်း မလွမ်းခြင်းဟာ
ကျွန်တော့်ရဲ့ တိမ်ဆိုင်မဟုတ်သလို
ချစ်သူ ရဲ့ ကောင်းကင်လည်း မဖြစ်နိုင်ဘူး......
ဒါပေမယ့်......
ကျွန်တော် လွမ်းနေတယ်
လွမ်းဖို့အတွက် လမသာနဲ့
ဓူဝံကြယ် အဖော်မပြုရင်နေ
ပိုးစုန်းကြူးလည်း ဖေးမကူနဲ့
မိုးရေစက်တော့ ဆောင်ကျဉ်းလာခဲ့ပါ......
သိပ်မလိုအပ်ဘူး
နှလုံးသားနဲ့ ခံစားတတ်ခဲ့ရင်
ချစ်သူ လွမ်းတတ်လာလိမ့်မယ်
မလွမ်းတတ်တာလည်း ရှိနေနိုင်တယ်......
ဒါပေမယ့်........
ချစ်သူ နဲ့ ကျွန်တော်
လွမ်းတာခြင်း ထပ်တူမကျဘူး......
ကျွန်တော်က
နှလုံးသားနဲ့ လွမ်းတယ်
ချစ်သူ က
အပြုံးများနဲ့ လွမ်းမယ်
ကျွန်တော်က
ခံစားမှုကို ဖော်ကျူးတယ်
ချစ်သူ က
လှည့်စားမှုကို အဖော်ပြုမယ်
ကျွန်တော်က
အရှုံးများကို ရင်ဝယ်ပိုက်တယ်
ချစ်သူ က
ဟန်ဆောင်ခြင်းတွေကို ယုယနေမယ်
ဘာပဲဖြစ်ဖြစ်......
ချစ်သူ နဲ့ ကျွန်တော် လွမ်းခဲ့ကြတယ်
အလွမ်းခြင်းက ဘယ်နေရာများ
ခလုတ်တိုက်နိုင်ပါ့မလဲ
သို့ဆိုစေ......
ကျွန်တော်ကတော့
လွမ်းမြဲ လွမ်းနေဦးမယ်။
ပြီးပါပြီ ...
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)
EmoticonClick to see the code!
To insert emoticon you must added at least one space before the code.