အတူဆုံစဉ်ခဏ
ဒီရင်မှာ ထာဝရပေမယ့်
ပြောမဖြစ်ခဲ့တဲ့ နှလုံးသားသံစဉ်တွေ
မင်းအမှတ်ရနေမလား........
အဲဒီတစ်နေ့က
မျက်ဝန်းတွေစိုစွတ်
ရင်ခုံသံတွေ တဒိတ်ဒိတ်နဲ့
ပါးပြင်က သနပ်ခါးလေးတွေကို
ညင်သာစွာ ထွေးပိုက်ခွင့်မရခဲ့ပေမယ့်
ကြင်နာခဲ့တာတွေ မင်းမှတ်မိနေမလား......
ညီမလေးရေ
မချစ်ခဲ့တာ မဟုတ်ဘူး
ဆူးအရစ်ရစ်တွေနဲ့ ကာရံထားလို့
ဖွင့်မပြောချင်လို့ မဟုတ်ဘူး
ရင်ခွင်အစုံကို စူးနစ်နေခဲ့လို့။
ညီမလေးရေ
တိုးတိုးလေး ရေရွတ်နေဆဲ
"တမိုးအောက်" ထဲပေမယ့်
ကြေကွဲခန်းတွေနဲ့ အဆုံးမသတ်စေလို့
လွမ်းဖို့သက်သက် မချစ်ရက်ပါ။ ။
ပြီးပါပြီ ...
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)
EmoticonClick to see the code!
To insert emoticon you must added at least one space before the code.