0
တိမ်တိုက်နှစ်ခု ထိတွေ့သလိုမျိုး
ငါတို့နှစ်ယောက် အတူရှိခဲ့ချိန်က
အိပ်မက်တစ်ခုလို ပြီးဆုံးခဲ့လေရဲ့။

အမြဲရွေ့နေတဲ့ တိမ်တွေလို
လွင့်မျောရင်းနဲ့
ကမ္ဘာတစ်ခြမ်းစီမှာ
ဘဝကတော့
ရာသီပေါင်းများစွာ ရှည်လျားဆဲပေါ့။

မမေ့ဘူးပြောခဲ့ပေမယ့်
မင်းလည်း မေ့နိုင်ခဲ့ပါတယ်
အမြဲသတိရမယ်လို့
ကတိမပေးခဲ့ပေမယ့်
ငါနေ့တိုင်း သတိရနေပါတယ်။

အိပ်မက်ကိုဘဝအဖြစ်
မပြောင်းလဲနိုင်တာ
ငါတို့ရဲ့ချို့ယွင်းချက်လို့ ဆိုနိုင်ပေမယ့်
တွေ့ဆုံမှုကို ဖန်တီးသူဟာ
မျှားနတ်မောင် ဆိုရင်ဖြင့်
မျှားနတ်မောင်ကိုသာ
အပြစ်တင်လိုက်ချင်ပါရဲ့...
ငါဟာ
လွမ်းဆွတ်ခြင်းများကို မခံစားနိုင်သူမို့ပါ။



ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top