0

လေပြင်းရယ်ထန်
ကောင်းကင်က ဂျိုးဂျိန်းသံနဲ့
အလျှံအခဲ မိုးပေါက်ကျဲမယ်
အပြေးပြန်ခဲ့ အသိုက်ဆီ
ပြိုယွင်းခဲ့ပြီ .........

ကျလိ ... ကျလီ
ဟစ်အော်မည် အမေ့သား
ဘယ်နားလွင့်လို့ ကျလေပြီ
ကျိုးပါလိမ့်မည်
ကြေရော့မည်
ဘေးမသီစေနဲ့ အမေ့သား
စိတ်ထဲက ပွားလိမ့်မည်

အရပ်ရယ် ရှစ်ပါး
ခုန်ကာသွား ဆုန်ကာသွား
ခြုံလျှို ခြုံကြား
ငါ့သားလေးကျများနေလားလို့
ရင်မှာမချိ ပြေးကြည့်သည်
မီးလျှံနေခဲ ဆယ်စင်းကျဲသလို
သောကပူမီး သူ့ဖိစီးကာ
ရူးမတက်ပင် ရှိတော့မည်

သားငယ်ပျောက်တဲ့ ဌက်မိခင်
ရင်တွင်းက မီးတောက်စင်
မမြင်ချင် ရင်နင့်မဆုံး
လေထန်အစ သိုက်ပြိုကျမှာ
ခြုံပုတ်ညိုဘေး ဌက်နီထွေးကို
ခွေးအိုချီပြေး ခါလိုက်သေးသည်
ဟိုမြေပုံကပ် သွေးစက်နီနီ
နင့် သားသွေးသာ ဖြစ်တော့သည်ဟု
ငါ မပြောရက်
ပြောမထွက်ပြီ
ရော ...........
ခက်ပါဘိ ........ဖြစ်ရလေ. ။ 

ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top