0
အနူးညံ့ဆုံးစကားလုံးတွေနဲ့
အခိုင်မာဆုံးဖွဲ့တည်ထားတဲ့
ရသမျိုးစုံလင်နေတဲ့
အလင်္ကာတွေဝေစည်နေသော
ကာရံမိတဲ့ကဗျာတစ်ပုဒ်တော့မဟုတ်ဘူး။

ဒီကဗျာထဲမှာ
ချစ်ခြင်းမမည်တဲ့ခံစားမှုတွေ
ရသမြောက်စွာပါဝင်နေနိုင်တယ်။
အဓိပ္ပါယ်မတိကျတဲ့ ဝေါဟာရတွေ
ကာရံမညီစွာစီထားမိတယ်။
မရိုးရှင်းတဲ့ဖွဲ့စည်းမှုတွေကို
အစီအစဉ်မကျရေးချထားတယ်။

 ရင်ခွင်ချင်းတူမှညှိယူလို့ရမယ့်
သဘောတရားနက်နက်ရှိုင်းရှိုင်းတွေကို
အခြေခံထားလို့

မှတပါးအခြားတစ်ယောက်
ထွင်းဖောက်သိမြင်နိုင်စွမ်းမရှိတဲ့
ငါ့နှလုံးသားရဲ့ဟိုးအတွင်းပိုင်းက
နှစ်ပေါင်းများစွာသိမ်းဆည်းထားခံရတဲ့
ကျောက်ရုပ်ဖြစ်သော
VIP ရဲ့အချစ်ကဗျာတစ်ပုဒ်ပါ။


 ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top