0
 ပန်းတစ်ပွင့်ကို ခြွေဖို့
ဓါးထက်တဲ့ နှုတ်ခမ်းက အနိုင်ရတယ်။
ဥယာဉ်မှူး အယူအဆတွေ မငြင်းခုံချင်တော့ဘူး
ငါကိုယ်တိုင်က ပန်းညှီနံ့ နောက် လိုက်တဲ့ …. ငါး ….
ချိုလွန်းတော့ ခါး တယ်။
ပန်းတွေ စားမိတဲ့ …. ငါး

နောင်တ ထဲမှာ တစ်ညလုံး ကူး…ခတ်..
အစထဲက… ပျား … မဟုတ်ခဲ့တော့…
ဝတ်ရည် စုတ်မိတဲ့ …. ငါး ….
ရနံ့ ခါး တွေ အန် ပြီး … သေ ဆုံး သွား…တယ်..
မိုး ခါး ရေ လောင်း ထား တဲ့ ………. ပန်း …တွေ ။
ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top