မပြောခဲ့တာ ကြာပြီ
သစ်ရွက်ခြောက်တွေကတော့ လေပြေနဲ့အတူ
တရွတ်တိုက် ခရီးထွက်ခွာသွားလေရဲ့
မျဉ်းဖြောင့်တစ်ကြောင်းပေါ်မှာ ကျလာတဲ့
မျက်ရည်တွေကတော့ တမ်းတမိသူဆီကို
ရထားတစ်စင်းလို ခုတ်မောင်းသွားတတ်ခဲ့ပြီ
ဦးတည်ရာမရှိပေမယ့် ပဲ့ကိုင်နေရတုန်းပဲလေ
ထပ်မက်ခွင့် မရှိတဲ့အိမ်မက်တွေနဲ့အတူ
ညပေါင်းများစွာကို ဖြတ်ကျော်ရဦးမယ်
မိုးခြိမ်းသံတွေနောက်က လိုက်မလာခဲ့တဲ့
မိုးစက်တွေကတော့ သူ့ဆန္ဒအတိုင်း
ရွက်လွင့်သွားကြလေရဲ့
ပင်လယ်ပြင်ထဲကို ကြွေကြတဲ့
ကြယ်တွေကတော့ ပိုက်ကွန်တွေနဲ့ အတူ
ငြိတွယ်နေခဲ့ပြီလေ
လေတွေတိုက်တိုင်း ပါမလာတော့တဲ့
မိုးစက်တွေကတော့ ဘယ်ဆီများထွက်ခွာသွားခဲ့ပြီလဲ။
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)
EmoticonClick to see the code!
To insert emoticon you must added at least one space before the code.