0

ထိုင်ခုံလေးပေါ်မှာထိုင်ပြီးစကားတွေ အများကြီးပြောကြည့်ချင်တယ်
လူမရှိတဲ့နေရာတခုမှာပေါ့
ငှက်တွေကလဲပျံလို့ကောင်းကင်ကြီးပေါ်မှာ စကားသံတွေလွင့်ပျံနေမယ်
ရေကန်ထဲမှာလဲကြာဖြူ ၂ ပွင့်စွင့်စွင့်ကားကားပွင့်နေမယ်

ဒါပေမဲ့
အဲဒီအချိန်မှာသူရိယနေမင်းကြီးကဂေါယာကျွန်းကိုမေးလေး တခြမ်းတင်လို့
မြောက်ဖက်ကတောင်ရိုးပေါ်မှာတိမ်တိုက်တွေကလဲလွင့်လို့

ရုတ်တရက်မထင်မှတ်ပဲ
လေနီကြမ်းတွေနဲ့အတူခပ်စိမ်းစိမ်းအကြည့်တွေ
လှာင်သလိုအပြုံးတွေ
မထီမဲ့မြင်ရီသံတချို့
ကြိုကြားကြိုကြားပါလာတယ်လေ
အသက်မပါတဲ့နှစ်ချို့အပြုံးတွေ
ရေခိုးရေငွေ့နဲ့အတူလွင့်လာပြီ

ဒီအချိန်မှာထသွားရင်တယောက်ထဲလား
ဘေးနားကရီမောသံတွေ
အရည်လွမ်းတဲ့အကြည့်တွေ
ရင်ခွင

ပြောင်းငှက်ငယ်ရဲ့တောင်ပံခတ်သံတွေ
တဖြည်းဖြည်းဆူညံလာပြီငါ့နားတွေမှာခဏခဏကြားယောင်လာပြီ
တည်ငြိမ်တဲ့ရေပြင်မှာကခုန်ဖို့ခပ်ကြမ်းကြမ်းလှိုင်းချက်တွေအရှိန်ဟုန်နဲ့လာနေပြီ
ရင်ခွင်ပြောင်းတော့မယ့်ငှက်ငယ်ရဲ့တောင်ပံခတ်ချက်တွေ
စည်းချက်ညီလာပြီ

ဖောင်တိန်လေး...လွတ်အကျမှာ...
ခပ်နွမ်းနွမ်းခုန်ကြည့်ချင်
တဲ့ရင်ခုန်သံတွေ
လက်ရှိဘ၀က
ို ပြန်အရောက်
.......
ဒီအိမ်မက်ဆိုးက
ဘယ်ဘ၀မှလွတ်မြောက်ရမယ်ဆိုတာတွေးပြီး
လွမ်းချင်မိတဲ့ငါ့ဘဝ

အမှောင်ရိပ်အောက်မှာပဲမျက်ရည်ကျချင်မိတဲ့ V.I.P.
 
 ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top