2
Fort wayne မှာ
မိုးစက်မိုးပေါက်
တဖြောက်ဖြောက်
တပေါက်ပေါက်
ကျနေတဲ့ အချိန်။

ပြတင်းတံခါးကို
တချပ်လှပ်လို့
မိုးရွာနေတာ
ငါ ရပ်ကြည့်နေမိတယ်။


ငါ့ စိတ်အစဉ်က
တိမ်တွေလို လွှင့်မျော
မိုးတွေနဲ့
ငြို့နေတဲ့
ကောင်းကင်က
ငါ့ကို ပြုံးကြည့်နေတယ်။

မိုးစက်တွေကလည်း
လေအဝှေ့တချက်မှာ
ပြေးလွှားဆော့ကစားရင်း
ငါ့ကို ကျီစယ်နေတဲ့
Fort wayne က အချစ် မိုး..။

 ပြီးပါပြီ ...

Post a Comment

  1. ဟုတ်တယ်နော်..Fort wayne မှာ မိုးရွာရင်...
    ခံစာရတဲ့လူတွေလဲ ရှီပါတယ်..
    ကျနော်လဲ ခံစာရပါတယ်...
    ကြိုက်တယ် ...
    ဆက်ရေပါ...
    အားပေးနေမယ်....

    ReplyDelete
  2. မနေ့က fort wayne မှာ မိုးတွေရွာနေတယ်..
    ကျနော့်ရင်မှာလဲ..အချစ်မိုးတွေရွာနေတယ်..
    fort wayne မှာ မိုးမရွာရင်..
    အသဲကွဲ မုဆိုးလိုဘဲ..
    ကောင်းပါ..
    ဆက်ရေပါ..
    လာခဲ့ပါတယ်..
    ကျော်ဇင်..

    ReplyDelete

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top