ကျောခိုင်း ထွက်ခွာသွားတဲ့
ယောင်္ကျားတစ်ယောက်ကို
လိုက်ညှိ ဖြေရှင်းတတ်တဲ့
ခပ်ညံ့ ညံ့ မိန်းမထဲမှာ
ကျွန်မ မပါဘူး
ကျွန်မ ချစ်ပေမဲ့
မူအရ ဖြစ်တဲ့အခါ
နှလုံးသား ကွဲကြေသွားပါစေ
လိုက်ဖြေရှင်းမယ်မထင်နဲ့
ဘာလို့လဲ ဆိုတော့
ကျွန်မက အင်မတန်မှ မာနကြီးတဲ့
ခပ်ထက်ထက် မိန်းမထဲကဆိုတာ
ရှင်သိစေချင်တယ်
နှလုံးသားထဲမှာ
အမာရွတ် တစ်ခုထင်ကျန်ရစ်ခဲ့မယ်ဆိုရင်
အဲ့ဒီအမာရွတ်ကို
မာနနဲ့ ဖျက်ပြစ်လိုက်မယ်လို့
ကျွန်မခံယူထားတယ်
သစ္စာရှိသူယောင်္ကျား............လောကမှာ အင်မတန်ရှားတယ်။ ။
ကျွန်မအတွက် တစ်စုံတစ်ယောက် ရှိနိုင်မလား ........? ပြီးပါပြီ ...
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)
EmoticonClick to see the code!
To insert emoticon you must added at least one space before the code.