0
တောက် 
အသိတစ်ချက်မှာ
ထိတွေ့မိတာက
နွေးခနဲ အမေ့ ကိုလွမ်းတဲ့စိတ်

ဟင်...
အမေ မရှီတော့ဘူ အော်....
လူမသိ သူမသိ
ငါကိုယ်တိုင်တောင်
မသိဘဲ တိတ်တိတ်လေး
ရောက်လာတဲ့ အိမ်မက်


ကျလိုက်တဲ့
မျက်ရည်တစက်
တောက်
ခနဲပါလား

အမေဆိုတာ ထာဝရပါ..
အမေ မရှီတော့ လွမ်းဆွေရတဲ့
ရက်တွေ နေ့တွေ လတွေ အများကြီး


ငါကျမိလိုက်တဲ့
မျက်ရည်တစက်က
မထူးဆန်းပေမယ့်
ငါ့အတွက်တော့
ထူးခြားနေတာ
ဘယ်သူသိနိုင်မလဲ

 ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top