0
နွေရက်တွေမှာ
ရွက်ဝါတွေဟာ
ရင်ဘတ်အပြာပေါ်မှာ
တရွက်ပြီး တရွက်ကြွေ
မေ့မရတဲ့ ရက်တွေနဲ့ စိတ်တွေထွေ ...။


ကောင်ကင်ရွက် စိမ်းစိမ်းတွေ
နှလုံးအိမ် နီနီလာတယ်
တစက်ပြီး တစက်ဝေ
ဝေရင်နဲ့ဘဲ
အိပ်မရတဲ့ ညတွေဟာ
အလွမ်းတွေဆွေ...။

ဆောင်းရွက် ဖြူဖြူတွေ
လက်ဖ၀ါး ထူထူမှာ
တချပ်ပြီး တချပ်ကြနေ
မှန်းဆမရတဲ့ အချစ်တွေနဲ့ ဘ၀တွေ ...။

ချစ်သူရေ..
ဘယ်မှာတုန်း
ကူညီနိုင်မယ်ဆိုရင်
ကူညီပါဦး...။

ဖူးစာရေးနတ်ကလည်း
သုံးဥတု အဆက်ဆက်မှာ
စာရင်းက ဖျက်ဖျက်သွားတော့
မတတ်မသာနဲ့
ငှက်ပျောတုံး တတုံးနဲ့ပဲ
နောက်ဆုံး ဖက်ကာ လုံးရတော့မယ်ထင်တယ်။
Next
Newer Post
Previous
This is the last post.

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top