0
ကောင်းကင်ရေ
ကျယ်ပြန့်မှု မာယာများတယ်
သံသရာရေ
ရှည်ကြာထားပြီး လိမ်ညာတယ်...။

မော်မကြည့်ဘူး
ပျံသန်းတော့မယ်
မမျှောဘူး
ကူးခတ်တော့မယ်...။

တောပဲ ရောက်ရောက်
မြို့ပဲ ရောက်ရောက်
ထွက် မှာဘဲ...။

ကားမရှိဘူး
အမေပေးတဲ့ ခြေကိုပဲ
မြတ်မြတ်နိုးနိုးစီးတော့မယ် ဆိုပဲ...။

ကောင်းကင်ရေ
ဖြစ်နိုင်ရင်...
အနိမ့်လေး ဆင်းပေးနိုင်မလား...။

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top