0
နှလုံးသားတံခါး ပိတ်ကာထားလည်း
ချဉ်းနင်းဝင်ရောက် ချယ်လှယ်ပိုင်စိုး
သူစွမ်းနိုင်၏…။

ကာလများစွာ ရှည်ကြာလာသမျှ
ချစ်ချင်းတရား တိုးသထက်တိုးကာ
သံယောဇဉ်ကြိုး ထပ်ထပ်နှောင်တင်း
ချစ်ချင်းတိုးအောင် သူစွမ်းစေ၏…။


အတားအဆီး မှန်သမျှကို
ရင်ဆိုင်ကျော်လွှား ခက်ခဲခရီးကြမ်း
ဖြတ်သန်းရင်းဖြင့် နှစ်ကိုယ်တူခရီး
ပန်းခင်းလမ်းကို အတူတကွ
လျှောက်လှမ်းရဲဖို့ သူစွမ်းနိုင်၏…။

အိုဘယ့် …အမောင် လုံခြုံပိတ်ထား
ကျွန်မ အချစ်များ ဖွင့်ချ ၀န်ခံ
တိုးပွားစေရန် ဘယ်အရာက
စွမ်းစေသလဲ အဖြေတစ်ခုတော့
ပြောစေလို၏  ဖြေကြားစကား
ကြားလိုလှ၏…။

ပြီးပါပြီး.........

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top