0
နင်ဟာ နတ်သမီးလား
ငါ့ ရင်ခွင်ကို စီးပြီး
မျှော်လင့်ချက်ကို
ကြဲချတယ် ။

ငါ့ နှလုံးသားကို
အရောင်အမျိုးမျိုးဆိုး
ငါ့မှာတော့
အလွမ်းငုတ်တိုတွေနဲ့
ထိုင်ငိုနေရပြန်တယ် ...။


မင်း ခင်းကျင်းထားတဲ့
အစီအမံတွေထဲမှာရူးနှမ်းစွာ
ပါဝင်ပတ်သတ်ခဲ့မိတဲ့
ငါ့အသည်းတွေ
တဖြုတ်ဖြုတ်နဲ့
ဆွဲနှုတ်ခံလိုက်ရတော့မယ်။

နတ်သမီးရေ ...
မင်းရဲ့ ဥယျဉ်ထဲမှာ
ငါက ပြသဒါးဆိုရင်
တိတ်ဆိတ်စွာနဲ့
ပျောက်ကွယ်သွာမယ်။

ငါဟာ မင်းရဲ့
မြူမှုန်တမှုန်တောင်
ဖမ်းဆုပ်ခွင့် မရခဲ့တဲ့ဥယျဉ်မှု
သူစိမ်းတစ်ယောက်လို
မောင်းထုတ်ခံလိုက်ရတဲ့ နောက်တော့
ငါဟာ အသဲဖို့ ရက်စေ့သွားပြီပေါ့ ...။

နတ်သမီးရေ ...
မင်းမာယာတွေကို
မင်းရုတ်ထုတ်သွားပါတော့
မာနမရှိတဲ့ ငါ
ဘာမှမရှိတဲ့ နေရာမှာပဲ
ထာဝရ ဖြစ်မယ့်
ငါ့အချစ်တွေနဲ့
မင်းကိုတော့
ရူးနေရအုန်းမှာပေါ့ ...။

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top