0
ခင်ရယ် ယဉ်စစနဲ့ 
မပြင်လည်းလှပါရဲ့
အသွင်ကနန်းဆန်
ပန်းပန်နော် . . . ဟုတ်လား။


မစိမ်းချင်ပေမယ့်
တိမ်းသူလို့ ထင်လေမလား။
မချွေရက်သူမို့ 
နေရက်တယ်လို့ ဆိုလေမလား။
တိုးတိုးတိတ်ရယ်နဲ့ 
စိုးထိတ်ကာရင်မှာဆူ
ဝေဒနာအပူ ဘယ်သူသိနိုင်ပါ့။


တကိုယ်တည်းလေ ..
ငိုငြီးလို့ လည်းမဖြေသာ
ဆိုတီးလို့ လည်း မနေသာ
ဝေဒနာ အဖြေရှာခက်ပါရဲ့
ရင်ထဲမှာ မင်းရှိတာကို
(အချစ်ရယ် . . )
တွေးသိပါတော့။  ။

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top