0
နွေဦးလေပြေ ရင်ကိုတိုးဝှေ့
သစ်ရွက်ကြွေစေ ရွက်နုဝေလေ။ ။ ငါသည်မြတ်နိုး ရင်ကိုတိုးလှည့်
လေပြေတစ်ချက် နင်နမ်းရှိုက်ခဲ့
အဆုံးမဲ့လေ အိပ်မက်ရှည်သည့် နွေည။


မိုးရွာသွန်းဖြိုး ရင်တကိုယ်မိုး
စာဆိုတင်လျှက်ကဗျာစပ်သည်။
ချစ်မိမိုး၏ အဆင်းချွေရံ
ဒီညယံ၌ ငါ့အိပ်မက်နား
တွဲလဲခိုသည့် မိုးည။

အေးခါဆောင်းရိပ် နွေးနွေးထိပ်ဖျာ
လမင်းသာသည်။ သူသည်ဘယ်သို့
ဦးညွတ်ခစား ချွေရံကြယ်နှင့်
ဝင်းလို့လာသည် ခဏသာစဉ်
ငါ့အိပ်မက်သည့် ဆောင်းည။

ထိုနွေမိုးဆောင်း ဘယ်လိုပြောင်းလဲ
မဟောင်းရက်တွေ နေ့စဉ်ညတိုင်
ရိပ်တို့ထင်သည့် နှလုံးအိမ်တွင်
မျှော်လင့်ရနိုး စောင့်ရနိုးနှင့်
ချစ်နေရသည် ကောင်မလေးရေ။ ။

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top