0
မီးတောက်ညခင်းနဲ့ 
ခပ်ပြင်းပြင်းအေးစက်တဲ့မိုးရေ
ဒါတွေက..
မဆီမဆိုင် ဆိုပေမဲ့...
အဝေးက
အူနေတဲ့ ခွေးတွေကြောင့်တော့
အိပ်ပျက်ညတွေ ရှည်လှပြီကွယ်....။

စိုစွတ်တဲ့ သစ်ရွက်တွေအတွက်
အနားသတ်ခံ
နွေဦးက
ဓားစာခံသက်သက်တဲ့လား။။။

အခုဆို...လှပလန်းဆန်းတဲ့
သစ်ရွက်သစ်များက
မိုးသံနဲ့ မြူးတူး
ဝမ်းနည်းခြင်းတွေတော့ရှိမနေလောက်
ပါဘူးလေ....။

ဝမ်းနည်းမှုရေ..
ဆွေမျိုးသားချင်းတွေမဟုတ်သေးေ
ပမဲ့
တစိမ်းတရံစာမှ မကဘဲ
အလွမ်းတွေစိုက်စိုက်နေတတ်ခဲ့တဲ့
ငါ့ဆီ..ရဲရဲသာဝင်ခဲ့ဖို့  ဖိတ်ခေါ်လိုက်ပါရစေ......။
 
 
 ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top