ဘေးအန္တရာယ်အပေါင်း၏
လွတ်ကင်းရာမှ ကျွန်ုပ်ခိုလှုံပါရစေကြောင်း
ဆုမတောင်းမိပါစေနှင့်၊
ထို အန္တရာယ်ရင်ဆိုင်ရသည့်အခါ
အကြောက်အရွံ့ မဲ့သူဖြစ်ဖို့ ဆိုတောင်းမိပါရစေ။
ကျွန်ုပ်
ဆင်းရဲဝေဒနာကို လျော့ချဖယ်ရှားဖို့
ကျွန်ုပ်မတောင်းဆို မိပါစေနှင့်၊
ထိုဝေဒနာကို
ခံနိုင်သည့် အောင်နိုင်သည့် နှလုံးသား သာရှိပါရစေ။
ကျွန်ုပ်
ရင်ဆိုင်နေရသော ဘ၀တိုက်ပွဲများတွင်
စစ်ကူမဟာမိတ်များကို
မတမ်းတ၊ မရှာဖွေမိပါစေနှင့်
ကျွန်ုပ်
ကိုယ်တိုင် ကိုယ့်ကိုကိုယ်သာ အားကိုးမိပါရစေ။
ကျွန်ုပ်
အကြပ်အတည်းမှ ကယ်ဆယ်ပေးပါရန်
မမြည်တမ်းပါရစေနှင့်၊
ကျွန်ုပ်
ကိုယ်တိုင် လွတ်မြောက်မှုကို
စိတ်ရှည်စွာ အောင်နိုင်သူဖြစ်ဘို့
မျှော်လင့်ပါရစေ။
ကျွန်ုပ်အောင်မြင်ချိန်တွင်လည်း
သင်၏ဂရုဏာတော်ကို ခံစားသည့်
သူရဲဘောနည်းသူ မဖြစ်ဖို့၊
ကျွန်ုပ်
ကျရှုံးလျှင်လည်း သင်လက်၏ ဆုပ်ကိုင်မှုကို
ရှာဖွေတွေ့သူဖြစ်ဖို့
ကျွန်ုပ်အား ခွန်အားကိုသာ ပေးသနားပါ။
ပြီးပါပြီ ...
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)
EmoticonClick to see the code!
To insert emoticon you must added at least one space before the code.