1

တစ်ပွင့်.. နှစ်ပွင့်…သုံးပွင့်…
ကောင်းကင်ကို မော့ကြည့်ရင်း ကြယ်လေးတွေကို ရေတွက်ကြည့်ရတာ ကျနော်ရဲ့ ဝါသနာ..
ဆောင်းညချမ်းတွေမှာ ကြည်ရတဲ့ ကြယ်တွေဟာ ချစ်စရာ အကောင်းဆုံးပါပဲ.. ကြယ်ကလေးတွေ ပိုပြီး အရောင်လက်ကြတယ်.. ညတိုင်းလည်း ကြည့်လို့ရတယ်လေ..
စိတ်သိပ်ညစ်တဲ့ အချိန်တွေဆိုရင် အိပ်ရာပေါ်ကနေ ကြယ်တွေကို မေ့ကြည့်ရေတွက်ရင်း.. တဖြေးဖြေး
စိတ်ညစ်တာတွေ လွင့်သွားပြီး… အိပ်ပျော်သွားတတ်တယ်..
အိပ်ပျော်မှာပေါ့လေ..။
တစ်ခါတလေ စိတ်ညစ်ရင် ကောင်းကင်ကို မော့ကြည့်ဖို့တောင် မေ့လျှော့နေတတ်ပြန်ရော..
ဒါပေမယ့် ကျနော်ရဲ့ ကြယ်လေးတွေကို တွေ့ရင် ပျော်လာတတ်တဲ့ စိတ်ကတော့ မပြောင်းလဲ သေးတာ အမှန်ပဲ..
ဟော… ကြယ်လေးတစ်ပွင့် ကြွေသွားပြီ… နှမြောလိုက်တာ.. ကြယ်ကြွေရင် ဆုတောင်းပြည့်တယ် ဆိုတာကို ကျနော် ကြယ်ကြွေမြင်တိုင်း မေ့လျှော့ သွားတတ်တယ်..။ ဆုတောင်းရမယ့်အစား နှမြောစိတ်နဲ့ ငေးနေတတ်တာများတာကိုး..
ကြယ်လေးတွေကို ချစ်တယ်.. နောက်.. ချစ်တဲ့ သူကို တွေ့ရင် .. ရင်ခုန်တယ်…
ကြယ်လေးတွေကို တွေ့ရင် ပြုံးလာတတ်သလို.. ချစ်တဲ့သူ အကြောင်းတွေး၇င်.. သူ့အလိုလို ပြုံးလာတတ်တယ်..။ သူများတွေလဲ ဒီလိုပဲ ထင်ပါရဲ့…
ကောင်းကင်မှာ ကြယ်တွေ အများကြီး ရှိသလို.. လောကမှာ လူတစ်ယောက် ချစ်မိတဲ့သူဟာ တစ်ယောက်မက ရှိနိုင်တာပဲပေါ့နော်…
ကောင်းကင်ပေါ်မှာ မြင်ရတဲ့ ကြယ်လေးတိုင်း အရောင် မလက်ကြပါဘူး.. တချို့.. တချို့.. ပဲ အရောင်လက်ကြတာပါ..
ကိုယ့် မျက်လုံးထဲမှာ ပိုပြီးတောက်ပနေတဲ့ ကြယ်လေးတွေကတော့ ကိုယ်နဲ့ ပိုနီးတယ်လို့ ခံစားရသလိုပဲ..
နေ့စဉ်.. ကျောင်းသွားတဲ့ ..လမ်းပေါ်မှာ တွေ့ကြုံရတဲ့.. လူတွေ အများကြီးမှာ.. ကိုယ် ချစ်တဲ့သူ .. ကိုယ့် ရီနေရင် ဘယ်သူနဲ့ မတူတဲ့ .. ခံစားချက်တစ်ခုခု .. ရင်ထဲမှာ ဖြစ်လာတတ်တာ..
ဒါကို မသိစိတ်လို့ပဲ ခေါ်မလား…
ဒါပေမယ့်လေ..
တကယ်တော့ အရောင်တောက်နေတဲ့ ကြယ်တွေဟာ နီးနီးလေး လို့ ထင်ရပေမယ့်.. လက်လှမ်းမှီနိုင်တဲ့ ကြယ် ဆိုတာ မရှိမှ မရှိတာ..
ဒီလိုပဲ .. မြေပြင်ပေါ်မှာ ဆုံလာတဲ့ မျက်ဝန်းတစ်စုံဟာ ရင်ထဲရောက်လာပေမယ့် .. အနားရောက်လာဖို့ဆိုတာ.. ကြယ်တွေ ဝေးနေသလိုပါပဲ…
ကြယ်လေးတွေ ကြွေသွားခဲ့ရင် အပိုင်းအစတွေအဖြစ် ကမ္ဘာမြေရဲ့ တစ်နေရာကို ကျလာ သလား… တကယ်လို့ ကျလာခဲ့တယ် ဆိုရင်ရော.. သူ့ကို ချစ်မြတ်နိုးစွာ ငေးကြည့်ဖူးတဲ့ သူတစ်ယောက်ရဲ့ အနီးဆုံး နေရာကို ရောက်လာဖို့ မသေချာသလိုပဲ.. ဆုံလာတဲ့ မျက်ဝန်းပိုင်ရှင် နှစ်ယောက်လုံးရဲ့ ရင်ထဲက ခံစားချက်ချင်း တူခဲ့ရင်တောင်.. ဆုံးဆည်းပေါင်းစပ်နိုင်ဖို့ဆိုတာက...


အဝေးကြီးပဲမို့…


ကိုယ် ချစ်တဲ့သူနဲ့ ဆုံဆည်းခွင့်ဆိုတာက ကြယ်ကြွေစောင့်ပြီး.. ကောက်ရသလိုပါပဲလာ..
ဒီတစ်ခါ ကြယ်ကြွေခဲ့ရင်..ဆုတောင်မယ်..
သူနဲ့ကျနော် ပြန်လည်းဆုံးစည်ပါစေလို့..


 ပြီးပါပြီ ...

Post a Comment

  1. ကျနော် လည်း ဆုံးဆည်ပါစေလို့ ဆုတောင်းပေးနေပါမယ် သူငယ်ချင်း

    http://linnawe.blogspot.com/

    ReplyDelete

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top