0

လှလှပပကြီးကို
မွေးဖွားခဲ့တာ
အချစ်ရဲ့ အလွမ်း ဒိုင်ယာရီတွေပဲလေ....။

မပြီးနိုင်မစီးနိုင်
တနေ့တစ်မျိုး
မှန်မှန်ရေးစပ် တေးဖွဲ့နေခဲ့တာလဲ
အချစ်ရဲ့ အလွမ်း ဒိုင်ယာရီတွေပဲလေ.....။

စကားလုံးတွေက
အနုအရွ
ခံစားမှုတွေက ပြင်းရှရှ
ဝေဒနာတွေက နွမ်းလျလျ
တစ်ယောက်နဲ့တစ်ယောက်
လက်ဆင့်ကမ်းပေးဖတ်ခဲ့တဲ့ ကဗျာ
အချစ်ရဲ့ အလွမ်း ဒိုင်ယာရီတွေပဲလေ.......။


သေဆုံးချိန်က နီးနီးလာ
အတိုးနှုန်းကြီးစွာ ကောက်ခံရတဲ့
ကိုလိုနီခေတ်က လယ်သမားတွေနှယ်
ဒါလည်း ...
ဘုရားခန်းနဲ့ ဝေးဝေးမှာ
အရက်ဆိုင်တွေထဲမှာ လက်ဘက်ရည်ဆိုင်တွေထဲမှာ
အိမ်ခန်းကျဉ်းလေးထဲမှာ
တွေးနေဆဲ၊ငေးနေဆဲ
အချစ်ရဲ့ အလွမ်း ဒိုင်ယာရီတွေပဲလေ.........။

  ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top