0
မင်းနဲ့ ဆုံချိန်ကစလို့
ငါ..ရင်ခုန်တတ်ခဲ့တယ်
မင်းအပြောလေးတွေကြားမှာ 
ငါပျော်ရွှင်တတ်ခဲ့တယ်
မင်းအကြည့်လေးတွေ အောက်မှာ
ငါဟာ    အခါခါကျရှံးခဲ့ဖူးတယ်....။
ချစ်သူ

မင်းပေးတဲ့ ဝိုင်ချိုချိုတစ်ခွက်မှာ
အဆိပ်ရှိမှန်း ငါမသိခဲ့ရိုးအမှန်ပါ
ဒါပေမဲ့ 
အဆိပ်သင့်ငါ့နှလုံးသားက
မင်းကိုပဲ ယစ်မူးတမ်းတနေမိတယ်..
မင်းသိလား
မင်းနဲ့ငါကြားမှာ 
ဆုံနိုင်ခွင့်မရှိတဲ့
မျဉ်းပြိုင်နှစ်ကြောင်းရှိတယ်။

မင်းရဲ့ထိုးနှက်မှုကြောင့်
ကွဲကြေခဲ့ရတဲ့ နှလုံးသားတစ်စုံရှိတယ်။
ပြန်ပြောလို့မကောင်းတဲ့
ဒိုင်ယာရီ ပုံပြင်တစ်ပုဒ်လည်းရှိခဲ့ဖူးတယ်။

သိချင်လည်းသိပါလိမ့်မယ်
သမိုင်းမဝင် စာမတင်ခဲ့ရတဲ့
ကမ္ဘာဦး ဒဏ္ဍာရီ အဖြစ်နဲ့ပေါ့ 

ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top