ပြတိုက်တစ်ခု တည်ဆောက်ဖူးရဲ့..
ထွက်သူထွက်...၀င်သူဝင်
အသက်ငင်နေတဲ့ တံခါးချပ်လေးက
အပြုံးမပျက် ကြိုဆိုလို့...။
နှလုံးသွေးနှင့် ရေးသော
ကမ္ဗည်းတစ်ချို့တော့
ပေးဆပ်သူသာ မြင်ပေမပေါ့...။
အဲဒီပြတိုက်လေးထဲမှာ
ကောက်ရဖူးတဲ့ ချစ်ဦးသူ ရှိသလို
ပျောက်ရှဖူးတဲ့ ချစ်သူလဲ မနည်းဘူး..။
တစ်ရက်တာ နားခိုသူရှိသလို
တစ်သက်တာ ၀ါးမြိုချင်သူလဲ ပါရဲ့..။
ဘယ်လိုပင်ဖြစ်ပါစေ..
ဒဏ်ရာမဲ့ သွေးစက်နဲ့အတူ
နှလုံးသားတစ်စုံ ရင်းအပ်လို့
ပေးဆပ်ကာ သက်သေပြုပါ့မယ်
ပြတိုက်သခင်ရေ....နားခိုပါလှည့်...။
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)
EmoticonClick to see the code!
To insert emoticon you must added at least one space before the code.