
စောင့်နေကျ ကိုးနာရီ
မျှော်မိတယ် မမောဘူး..။
ညညဆို
ဆက်နေကျ ဖုံးနံပါတ်
သုံးနဲ့စ မမေ့ဘူး...။
ညညဆို
ကြားနေကျ သံချိုချို
အီသွားတယ် မရှိဘူး...။
ညညဆို
ဖွက်နေကျ ပဟေဠိ
ဆန်းသစ်တယ် မရိုးဘူး..။
ညညဆို
ပြောနေကျ ပုံပြင်တွေ
လွမ်းမိတယ် မေ့နိုင်ဘူး....။
ညညဆို
မက်နေကျ အိပ်မက်ထဲ
ခေါ်မိတယ် သူ့နာမည်..။
ညညဆို
မှာနေကျ နှုတ်ဆက်စကား
"ညညဆို စောစောအိပ်" တဲ့...။
ပြောနေကျ ပုံပြင်တွေ
လွမ်းမိတယ် မေ့နိုင်ဘူး....။
ညညဆို
မက်နေကျ အိပ်မက်ထဲ
ခေါ်မိတယ် သူ့နာမည်..။
ညညဆို
မှာနေကျ နှုတ်ဆက်စကား
"ညညဆို စောစောအိပ်" တဲ့...။
Post a Comment
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)