0




Fort Wayne က ကောင်လေး 
တစ်ယောက်ရဲ့ အချစ်ကို
Fort Wayne က ကောင်မလေးက ကစာလိုက်တဲ့ ည



ပိုးစိုးပက်စက် ညတွေ များပြီ
မုန်းလို့မရ ၊ မေ့လို့ မဖြစ်
တစ်ဆစ်ဆစ် ကိုက်နေတဲ့ဒဏ်ရာ
မင်းမို့ ကြည့်ရက်တယ်ဟာ…။





အလင်းမှောက်တဲ့ည
တောက်ပတဲ့ ကြယ်တွေလည်း ငို
ညိုတိုတို မျက်ဝန်းတို့ ငိုက်မြည်း
ဟောဒီ့ အခန်းကြီးထဲက ရုန်းထချင်ပြီ...။



အခုဘဝမှာ ချန်ရစ်ခဲ့တယ်..
အိပ်မက်ထဲမှာလဲ
သူ ကျနော့်ကို စွန့်ပြစ်ခဲ့တယ်..
ဖြစ်နိုင်မယ်ဆိုရင်
Fort Wayne မှာ ဒီလိုညတွေလည်း 
ထပ်မရှိပါနဲ့တော့..လား။
 
 ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top