0

ဘာရယ်မသိ..
ဘယ်သူလဲ မသိ
ဘယ်တော့လဲ မသိပေမယ့်
ဆုံဆည်းဖို့အကြောင်း တွေးလိုက်တိုင်း
ရင်ထဲမှာ  ဘာလိုလိုကြီးနဲ့ ရယ်…

ကောင်မလေးက ချစ်စရာပါ
သနားစရာကောင်းအောင်လည်း လှတယ်..
ကိုကိုလို့ ခေါ်တတ်တဲ့ သူ့သံသာ
ခါတရံတော့ ကြားခွင့်ရချင်မိတယ်…။
"ရန်ဖြစ်ချင်လို့
ဓာတ်ပုံလေးတွေ ကြည့်ပေးနော် "တဲ့..
အဲသလို ကောင်မလေးပါဆိုနေ..
အမူ အပိုတွေ မပါသလောက်
အပြစ်ကလည်း ကင်းလွန်းနေပြန်တယ်..

ကိုယ်ကလည်း ခက်တယ်
သူ့ကို မျှော်ဖို့ဆို
စစ်ထွက်ယောကျာ်းတစ်ယောက်လိုပဲ
တစ်သွေး တစ်သံ တစ်မိန့်အောက်မှာ
ပြားပြားမှောက် ၀ပ်စင်းချင်နေမိတာလေ…။

ခက်ပြန်တယ်..
အနာဂတ်ဆိုတာကြီးကို ထမ်းပိုးဖို့
ဒုတိယနိုင်ငံဆိုတာ အိပ်မက် မက်နေပြီတဲ့…
အိုကောင်မလေးရယ်..
စိတ်မချခြင်းတွေနဲ့အတူ
ညတွေကို ထပ်ရှည်ခိုင်းနေတာလားဟင်..

ဘာပဲဖြစ်ဖြစ်ပေါ့ ခလေး…
အတွေးတွေ ထပ်တူကျတဲ့တစ်နေ့တော့
အပြစ်ကင်းသော ချစ်ခြင်းများနှင့်
ကမ်းလင့်လို့ ကြိုနေပါရစေ…နော်…။
 
ပြီးပါပြီး...။

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top