0
အလွမ်းဆိုတာ
မျက်ရည်ခံထိုးလို့ ရတဲ့
အတုအယောင်မှမဟုတ်ဘဲ..
အပြုံးယောင်ဆင်ထားတဲ့ ဓါးတစ်စင်း
ငါ့ရင်ဘတ်တလင်း မှာ သွတ်သွင်းခံရဖို့ 
အတုအယောင်တွေနဲ့ 
ယုံမှတ်စွာပေါင်းသင်းခဲ့ဖူးတယ်.
.

ရင်ဘတ်ထဲ ၀င်ကြည့်တဲ့ ၀မ်းနည်းခြင်းတောင်
မပီမသနဲ့ 

ပြူံးပြသွားတယ်..
ခင်ဗျားရဲ့ မျက်နှာကို သေချာစွာ
ဖတ်ရှုနိုင်လောက်အောင်
ကျနော်တို့  ရင်းနှီးခဲ့ကြပြီးပဲ..
ကဲပါ ဒီဒဏ်ရာတွေ အတွက်
ခင်ဗျားမှတ်တမ်းမှာ ထပ်ပြီး
မှင်အကုန်မခံလိုက်နဲ့ တော့ဗျာ....။

ရှိစေတော့....ဒီညလည်း
အိပ်မရမဲ့ အတူ
အိပ်ပျက်ည တစ္ဆေမ တစ်ယောက်အတွက်
ရင်တွင်းဝှက်ထားတဲ့ အသစ်သစ်စက်
အလွမ်းတစ်ပုဒ် ကဗျာအဖြစ်ခင်းကျင်းဖို့ 
ပေါ့ဆခြင်းမရှိစွာသတိရမိသေးတယ်.
.
ဒါပေမဲ့ ဒီည အလွမ်းကဗျာ
မရေးသင့်တော့ဘူး...
မရေးချင်တော့ဘူး....
မရေးနိုင်တော့ဘူး.....
ထုံကျင်နေပြီဗျာ....။


  ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top