0
ချစ်သူရေ
ဂီတဟာ ငါ့တောအုပ်ဆို
မပီပြင်တဲ့ တောလမ်းနံဘေး
ချောင်းရေစီးသံလေးတွေ
မင်းအလာကို အကြိုထောက်တာ
ကြားနိုင်ပါဦးမလားကွယ်


အဲ့ဒီနေ့က
တိမ်လွှာတွေပျက်သုန်း
ငိုမဆုံးကြတဲ့အခါ
တံစက်မြိတ်က ရေကျသံ
တဖြောက်ဖြောက်
ငါ့ရင်ကို လာနှောက်တယ်ကွဲ့

နားစွင့်လိုက်တော့မှ
မိုးစွေငှက်တစ်ကောင်ရဲ့တေးသွား
သစ်ကိုင်းထက်မှာ ခိုနားလို့
သံစုံမြည်ကြွေးနေတာ
“ကမ္ဘာဦးတေး” တဲ့လေ


 ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top